Search Box

Sunday, March 20, 2016

အိပ်​ယာဝင်​​နောက်​ကျပါက အဝလွန်​နိုင်

ည ၁၁ နာရီနောက်ပိုင်းမှ အိပ်တဲ့လူတွေဟာ အခြားလူတွေထက် ပိုဝနိုင်ခြေရှိတယ်လို့ လေ့လာချက်တစ်ခုက ဖော်ပြပါတယ်။

ခန္ဓာကိုယ်သွယ်လျမှုစောင့်ကြည့်ရေးစနစ် ကုမ္ပဏီ Jawbone ရဲ့ ထုတ်ပြန်ချက်အရ ညအိပ်ရာဝင်နောက်ကျတဲ့လူတွေဟာ အသင့်စားအစားအစာတွေနဲ့ အရက်ကို ပိုမိုသောက်စားလေ့ရှိပြီး တစ်နေ့ကို ကယ်လိုရီ ၂၂၀ လောက်လည်း ပိုစားတတ်ကြတယ်လို့ ဆိုပါတယ်။

စောစောထတဲ့လူတွေဟာ ကျန်းမာတဲ့ အစားအသောက်တွေကို ပိုစားတတ်ကြတယ်လို့လည်း Jawbone ရဲ့ အချက်အလက်ပညာရှင် ခရစ်ရှန်အက်ခ်ျဘတ်ချာက ပြောကြားထားပါတယ်။ ယခင်က တွေ့ရှိချက်တွေမှာလည်း အိပ်ရာဝင်နောက်ကျသူတွေဟာ အဆီများတာတွေကို ပိုစားလေ့ရှိတယ်လို့ တွေ့ရှိထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Post a Comment