အောင်မြင်သော BLOGGER အဖြစ်သို့... (AUNG KO HTET.MP3)
WEDNESDAY, JULY 29, 2015 AUNG KO HTET NO COMMENTS
မြန်မာနိုင်ငံမှာ Blogger ဆိုတာ ဘာမှန်းမသိကြသေးတဲ့လူတွေတော်တော်များပါတယ်။ များသောအားဖြင့် Blogger ဆိုလိုက်တာနဲ့ နည်းပညာ အကြောင်းနားလည်တဲ့ လူကိုပဲ Blogger လို့ခေါ်ကြတယ်လို့ ထင်ကြပါတယ်။ ပြီးတော့ Blog ရေးနေရတာဟာပိုက်ဆံကုန်တာပဲ အဖတ်တင်ပြီး ဘာမှမရဘူးလို့ ထင်နေကြတဲ့ လူတွေအတွက်လည်း Blog ရေးခြင်းနဲ့ပတ်သက်ပြီး ဘယ်လို အကျိုးကျေးဇူးတွေရရှိတယ်ဆိုတာကို ပခုက္ကူ ဘားကမ့်မှာ ကျွန်တော် ဆွေးနွေးထားတဲ့ " အောင်မြင်သော Blogger အဖြစ်သို့ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားတဲ့ အသံဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။
ဒီဆွေးနွေးပွဲလေးမှာ ဘယ်လို Blog တွေရေးသင့်တယ်ဆိုတဲ့အကြောင်း ၊ မိမိ Blog က မိမိရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ဘယ်လို အထောက်အကူပြုစေတယ်ဆိုတဲ့အကြောင်းတွေကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးထားပါတယ်။
Blogger အကြောင်းကို သိရှိလိုသူများအနေနဲ့ နားထောင်သင့်တဲ့ အသံဖိုင်တစ်ခုဖြစ်ပါတယ်။
အောက်က Link ကနေ တိုက်ရိုက်နားထောင်နိုင်သလို Download ပြုလုပ်ပြီးလည်း နားထောင်နိုင်ပါတယ်။
Aung Ko Htet
Contact Detail
Facebook : www.facebook.com/bloggeraungkohtet
Email : aungkohtet.htet82@gmail.com
Website : www.mmitknowledge.com , www.myanmarmobileapp.com
No comments:
Post a Comment